
မေတ္တာရေးတွင် အပေးသမား ဖြစ်သည်။ ရယူမှုထက် ပေးဆပ်မှုကို ဦးစားပေးသည်။ လူတစ်ဦးတစ်ယောက်ကို ချစ်မိလျှင် မျက်စိအောက်မှ အပျောက်မခံ။ မုန်းမိလျှင် လုံးဝ လှည့်မကြည့်တတ်။ မေတ္တာကို ဦးစားပေးသော အိမ်ထောင်ရေးပို တည်ဆောက်လိုသည်။ သနားချစ်၊ အားနာချစ်ကို ဦးစားပေး၏။ အချစ်ဦးနှင် ဆုံးစည်းကိန်းမရှိပါ။ အသက် ၁၆ မှ ၂၁ အထိ မေတ္တာလမ်းကြောင်း မချောမွေ့ပါ။ အသက် ၂၁ မှ ၂၆ ကြားရောက်မှ မေတ္တာရေးတွင် ချောမွေ့မည်။ ဤရာသီဖွားသည် ချစ်သူများမည်။ အိမ်ထောင်ရွေးသောအခါတွင် နီးစပ်မှုနှင့် အိမ်ထောင်ကျတတ်သည်။ ဤရာသီဖွားများသည် Leo (သိဟ်)၊ Libra (တူ)၊ Sagittarius (ဓနု)၊ Aries (မိဿ) ၎င်းရာသီခွင် လေးခုတွင် မွေးသောသူများနှင့် ကိုက်ညီအကျိုးပေးတတ်သည်။ ၎င်းကာလ လေးခုမှတစ်ပါး တခြားသောကာလတွင် မွေးသောသူများထဲမှ အိမ်ထောင်မေတ္တာဖက်အဖြစ် ရွေးပါက အမည်အတွင်း (စ၊ ဆ၊ ဇ၊ တ၊ ထ၊ န) ပါသောသူနှင့် တည့်ပါသည်။ အသားလတ်၊ နှာတံပေါ်၍ မျက်လုံးမျက်ခုံးကောင်းကာ ဆံပင်ပါးပါး ဖြောင့်ဖြောင့်၊ နှုတ်ခမ်းတွင် မှည့်ပါသော သူနှင့် ဖူးစာဆုံမည်။
No comments:
Post a Comment